BLOGGER TEMPLATES AND TWITTER BACKGROUNDS »

ပိုးစတားလေး ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏...

Sunday, June 12

ဆုံးမစာ

အစာနှင့်ခိုင်း ၊ ၀မ်းကိုနှိုင်း ၊ ၀င်တိုင်းမစားနှင့်။
ဆက်ခြင်တွေးတော၊ သူ့ သဘော၊ ပြောတိုင်းမယုံနှင့်။
မိတ်ဆွေတို့ မှာ ၊ ဖြောင့်မှန်စွာ ၊ သစ္စာမဖောက်နှင့် ။
မလေးမစား၊ သူတစ်ပါး၊ လှည့်ဖြားမလိမ်နှင့်။
မိတ်ဆွေဖော်သင်း ၊ လူချစ်ချင်း ၊ သတင်းမပျက်နှင့်။
မှီကောင်းဆရာ ၊ ဆုံးမခါ ၊ စိတ်မှာ စွဲမှတ်နာ၇မည်။
မပြုခင်က၊ စဉ်းစားကြ၊ ကိစ္စအသွယ်သွယ်။
အမှားကိုပစ်၊ အမှန်ချစ်၊ စင်စစ်ချမ်းသာဖွယ်။
အမှားကိုချစ်၊ အမှန်ပစ် ၊ စင်စစ်ဆင်းရဲမယ်။

စတုတ္တတန်းမြန်မာစာဖတ်စာအုပ်က အဲ ဆုံမစာကို တွေလို့  ဘာရယ်မဟုတ်ပင်မဲ့  မှတ်သားဖွယ်ရာတစ်ခုပါလေ။

လူတိုင်းက ကိုကြိုက်ရာ ကိုယ်အဆင်ပြေနေရင် လိမ်လည် ၊လှည့်စား တက်ကျပြီး
သစ္စာတရား၊ လူကြီးသူမ တွေကို အလေးမထားဖြစ်တက်ပါတယ်။
အကောင်းနဲ့အဆိုး ကို ခွဲခြားတက်သော်လဲ အမှား ထဲမှာ ပဲ ပျော်ရွင်နေတက်တဲ့ 
လူ သဘာဝ လူ ဆန္ဒတွေ ကို တွေးမျှော်ပြီး မလုပ်သင့် မလုပ်အပ်ခြင်း၊ 

ဆရာမိဘတွေရဲ့ အဆုံးအမ တွေကို နာခံခြင်း ၊ မိတ်ဆွေတွေကို လေးစားတက်ရန် နှင့် လူလူချင်းလေးစားကြပြီး ဖေးမကူညီတက်မယ်ဆို ရင် ကမ္ဘာမှာ လူတွေဟာ တစ်ယောက်ကို တစ်ယောက်နားလည်ရင် မုန်းခြင်းတရားကင်းဝေပြီး၊ စစ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့  လူသတ်ပွဲများ အမှန် ကို ကင်းရှင်းနေသော လှပ၊ပျော်ရွင်ဖွယ်ကောင်းတဲ့ ကမ္ဘာမြေကြီးကို ပိုင်ဆိုင်ရကြမှာ မလွဲပါပဲလေ။ ..
အမှန်တကယ်တော့ ကမ္ဘာမြေကြီး က လူသားတိုင်းရဲ့  နားခိုရာ အိမ်ကလေးပါပဲ ...
ကိုယ့်အတွက် သာယာ၊နာခိုးရာ ဖြစ်တဲ့ အိမ်ကလေး ကို မဖျတ်စီးမိဖို့ ကြိုးစားကြရင်း........
 

0 comments: