BLOGGER TEMPLATES AND TWITTER BACKGROUNDS »
ပိုးစတားလေး ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏...
Sunday, January 29
ကိုယ့်ကို ကိုယ် သိအောင်ဘယ်လိုလုပ်ကြမလဲ
လူတိုင်း က ငါ က ငါ ပဲ တဲ့  .. မှန်တာပေါ့  ဒါပင်မဲ့  အဲ့  ငါ က ဘယ်သူလဲ ဘာလဲ .. အဲဒါကိုတော့ သိဖိုလိုတယ် ..
အဲလိုသိဖို့  ကိုယ့် ကို ကိုယ်  ဒီလိုအချက်လေးတွေနဲ့  လေ့လာကြည့်ရအောင်..
 .. ဒါကတော့ ကိုယ့် ကို ကိုယ်သိတာတော့ ဟုတ်တာပေါ့ . ကိုယ် မိဘ၊ မိသားစု အကြောင်းတွေလဲ သိဖို့ လိုပါတယ် .. ကိုယ့် မိဘ၊ အဖိုး အဖွား သူတို့ အကြောင်းသိမှ
သူတို့  ရဲ့ သွေးတွေက ကိုယ်စီမှာ ရှိနေတာကို .. ဒါမို့ .. သူတို့ ရဲ့ ယုံကြည့်ချက်၊မျှော်လင့်ချက်၊ သူတို့ ရဲ နေထိုင်မှူ တွေ က ကိုယ့် ဘ၀မှာလဲ လွမ်းမိုးနေတာတွေရှိတယ်လေ အထူးသဖြင့် အတွေးအခေါ်နဲ့ အမူအကျင့်လေးတွေပေါ့ .. ဒါကအစ ငါဆိုတာပဲ
၂။ ပတ်ဝန်းကျင်ရဲ့ အမြင် (Social Interaction)
... ဒီတခါ .. ကိုယ့် မှာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ထားပြီး သူတို့ နဲ ခင်ခင်မင်မင်၊ပေါင်းသင်း ဆက်ဆံကြည့်ပါ .. အဲဒီမှာ သူတို့ က ကိုယ့်ကို ဘယ်လို တုန့် ပြန် ဆက်ဆံတယ်ဆိုတာကို ကြည့်ပြီး ကိုယ့် ရဲ့  မမြင်နိုင်၊မသိလိုက်တဲ့  အပြု အမူတွေ အပြောအဆိုတွေ ကို သိရှိလာပါလိမ့်မယ်..
၃။ ကိုယ့်ကိုကိုယ့် လေ့ လာသုံးသပ်ပါ (Self-analysis)
..ဒါကတော့ ကိုယ် ၇ဲ့  အတွေး ၊ ခံစားချက် ၊ အပြုအမှူ နဲ့  အနေအထိုင်တွေကို သုံးသပ်ပါ . ပိုပြီး သိစေချင်တယ်ဆိုရင် သုံးသပ်ချိန်မှာ ကိုယ်ဘက်ပဲ ဘက်မလိုက်နဲ့ပေါ့နော့ .. ဒါဆို အမှန်တွေ ဘယ်ရတော့မလဲ ..
၎။ ကိုယ့်အရင်းနှီးဆုံးစီ က သုံးသပ်ချက်၊ဝေဖန်ချက်ကို တောင်းယူပါ ( Feed back from close friend)
.. အဲ ဒါကျတော့ သူတို့ ကို ကိုယ် က နာ့ကို နင်တို့ အမြင်နဲ့ ဘယ်လိုမြင်လဲပေါ့ .. သူတို့ ကိုမေးရမယ် .. အဲဒီမှာ သူတို့ က သူတို့ အမြင်ကို ပြောလာရင် .. ကောင်းကောင်း ဆိုးဆိုး လက်ခံနိုင်ရမယ် (open mind) ပေါ့ .. အဲဒီမှာ သင်ခန်းစာယူရမယ်လေ ..
၅။ ကိုယ် ကိုယ်တိုင်နဲ့ သူများကပြောတာနဲ့  နှိုင်းယှဉ် ကြည့်ရမယ်
.. ကိုယ်ထင်တာ က ဒီလို့ .. သူတို့ အမြင်မှာ က ဒီလို့ .. မတူညီတာတွေ၊ တူတာတွေရှိမယ် အဲအခါ .. လက်ခံပြီး ကိုယ် ကိုယ် ကို ဘယ်လို လဲဆိုတာ သိလာလိမ့်မယ်လေ
ဒီအချက်တွေက ပိုးစတာကိုယ်တိုင် လုပ်နေကျပါ ဒါပင်မဲ့  တစ်ချို့ တော့မလုပ် ရသေးဘူး.. ဒါလေးတွေက ကောင်းတဲ့အချုက်တွေလို့ ထင်ပါတယ် .. ဒါကို "Towards .. A Richer Life" by Cyril Siriroj  စာအုပ်ထဲ က နားလည်သလို့ ရေးထားတာပါ အားလုံးအတွက် အကျိုးရှိမယ်လို့လဲ ထင်ပါတယ် ...
Monday, November 14
ခရမ်းချည်သီး အစပ်ဖျော်
ခရမ်းချည်သီး ........... ၄လုံး (မိမိကြိုက်သလောက်)
ငရုပ်သီးစိမ်း ..............  (မိမိအစပ်နှစ်သက်သလောက်)
နံနံပင် .................... နဲနဲ
ကြက်သွန်ဖြူ 
ကယ် အရင်ဦးဆုံး.. 
ခရမ်းချည်သီးကို ရေဆေးပြီး .. ပြုတ်ပါ.(တစ်ချို့ တွေက ခရမ်ချည်သီးကို မီးဖုတ်ကြပါတယ်) ငရုပ်သီးကိုလဲ ထည့်ပြုတ်ပါ ..ပြုတ်ပြီးသား ငရုပ်သီးကို ငရုပ်ဆုံ ထဲ ထည့်ထောင်းပါ
(ကြက်သွန်ဖြူကို နှစ်သက်ရင် ထည့်နိုင်ပါသည်) ငရုပ်သီးကို ညှပ်အောင် ထောင်းပြီး... ခုနပြုတ်ထားတဲ့ ခရမ်းချည်သီးကိုအခွံ ခွာပြီး ငရုပ်သီးနဲ့အတူ ငရုပ်ဆုံထဲမှာ ကြေအောင် ထောင်းပါ .. ဆား။ အချိုမှုန့်  အနေတော်ထည့်ပါ
နောက် ထောင်းထားသော ခ၇မ်ချည်းသီး နှင့်ငရုပ်သီးကို ပုဂံထဲ ထည့်ပါ .. နံနံပင် ပါးပါးလှီးပြီး
ရော လိုက်ပါ..
ကယ် တကယ်ကို အရသာကောင်းကောင်းနှင့် အနံ့ မွေးမွေး လေး နဲ့  စားလိုကောင်းမယ့်  ခရမ်းချည်းသီး အစပ်ဖျော်ပါ... တိုစရာနဲ့လဲ တွဲဖတ်စားသုံးနိုင်ပါသည်..
တစ်ချို့  က ခရမ်းချည်သီးကို မီးဖုတ်ကြပါတယ် .. ဒီမှာလုပ်စားရင် မီးဖုတ် စရာအဆင်မပြေသောကြောင့် ပြုတ် ပြီးပဲလုပ်စားကြပါသည် .. မိမိနှစ်သက်သလို လုပ်စားနိုင်ပါသည်..
Sunday, September 11
ညလေးတစ်ည
အိပ်ယာခင်းတွေ.....တွန့်ပွကြေထဲ......
မိုးဆွေတဖျောက်ဖျောက်.......
တပေါက်ပေါက်ကျသံ နားစွင့်ရင်း
အိပ်မရတဲ့ဒို့.....
မင်းကိုလွမ်းနေလို့.......။
ZZP (patikone)
..သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ ..
Thursday, August 25
..အမှတ်တရတစ်ခု..
ကောင်းကင်ကမှောင်.. အသံကဆောင်ပြီး
လူတွေရှုပ်တဲ့ရုံး၊ကျောင်းဆင်းချိန်ဝယ်..
မဲ့နေတဲ့ မိုးမျက်နှာ ငိုမဲမဲ့ နဲ့ အချက်တွေပြ.
သူငိုမတဲ့ ..ကမ္ဘာအတွက် စိုစွတ်မှု့ တွေ
သူပေးမတဲ့လေ..
နင်မှတ်မိလား ဟိုတစ်ချိန်က
ငါတို့ လေးယောက် မိုးရွာထဲမှာ
လမ်းလျေုာက်ခဲ့တာ ငါလေခုထိ အမှတ်ရဆဲ ..
အခုတော့လေ ငါတို့ တစ်ယောက်တစ်နေရာနဲ့
ကိုယ်စီ တာဝန် ထမ်းနေစဲပါလေ ..
ဒါပင်မဲ့လဲ ငါလေ အမြဲ သတိရစဲ..
နင်တို့များကော သတိရပါရဲ့လားလေ…
Wednesday, July 13
that's what friends are for .
သူငယ်ချင်းဆိုတာကတော့လေ...