BLOGGER TEMPLATES AND TWITTER BACKGROUNDS »

ပိုးစတားလေး ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏...

Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Sunday, June 19

မဖြေတက်ရင် နာမယ်သာမှတ်

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ‘i don't know " ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်...)
အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်..
.)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’.............. .........

Ref: forward mail >>>>

Sunday, June 12

ကျုပ် ကတော့


တက္ကသိုလ်တစ်ခုမှ ပါမောက္ခ တစ်ယောက်သည် လူနှစ်ယောက် မလျှောက်သာသော လမ်းကျဉ်းကလေး တစ်ခု အတွင်းတွင် သူနှင့် ပြိုင်ဖက် ပါမောက္ခက လမ်းဖယ်ပေးရန် လုံးဝ ကစဉ်းစားဘဲ လှမ်းပြောလိုက်သည်။
“ကျုပ်က အရူးတွေကို ဘယ်တော့မှ လမ်းဖယ်မပေးတက်ဘူးဗျ”
ထိုအခါ ပါမောက္ခကြီးက ပြုံး၍ ပြန်ပြောလိုက်တာက
“ကျုပ်ကတော့  ဖယ်ပေးတက်တယ်ဗျ” ဆို ပြီး ရှောင် ပေးလိုက်တယ်လေ။

လူကြီး လူကောင်း


တစ်နေ့ တွင် အိမ်တစ်အိမ်သို့  မိတ်ဆွေတစ်ယောက်အလည် ရောက်လာပြီး ဘီလ် ဆို သူကို မတွေ့ သဖြင့် သူဇနီးအား မေးလိုက်သည်။
“ဘီလ်တစ်ယောက် ဘယ်သွားနေသလဲ၊ မတွေ့ တာတောင် အတော်ကြာသွားပြီ”
“မော်တော်ကားတစ်စီး သွားခိုး လို့ ထောင် ၃နှစ်ကျနေတယ် လေ”
“မိုက်လိုက်တဲ့ ကောင်ကွာ၊ မော်တော်ကားများသွားခိုးရတယ် လို့ အကြွေးဝယ်ပြီး မပေးပဲနေရင်လဲ ရ ရဲ့ သားနဲ့ ။ လူကြီးလူကောင်းတွေ ဆို ရင် ဒီလိုလုပ်တာပဲ”

သတင်းဆိုး သတင်းကောင်း


လင် ကွာမယားကွာ အမှုတစ်ခု အတွက်ရောက်လာသော အမျိုးသား အမှုသည်ကို သူ့ ရှေ့ နေ က
“ခင်ဗျားအတွက် သတင်းကောင်းရော၊ သတင်းဆိုးရောရှိတယ်”
”ဒီတော့ဗျာ၊ ကျွန်တော့် ကို သတင်းကောင်းအရင်ပြောစမ်းပါ”
”ခင်ဗျားရဲ့ ဇနီးသည်က ခင်ဗျားအဖေဆီက ရ မဲ့  အမွေတွေကို သူ့ ကို ခွဲပေးစရာ မလိုလားဘူးတဲ့ ၊
သူမယူတော့ပါဘူးတဲ့”
”ဒါဆိုရင် သတင်းဆိုးက ဘာလဲဟင်”
“ခင်ဗျားတို့ နှစ်ယောက် တရားဝင် ကွာရှင်းပြီးရင် သူဟာ ခင်ဗျားအဖေနဲ့  လက်ထပ်တော့မယ်တဲ့ဗျာ”

ကဲဘယ်လောက် မှတ်သားစရာကောင်းလဲ .. ဟဲဟဲ