ကဲ ဒီနေ့တော့ ဟင်းချိုလေး သောက်ကြမယ်
ယိုးဒယားဟင်းချို ချက်စားရင်ကောင်းတယ် ...
ထည့်ရမယ့် ပစ္စည်းတွေကတော့
ကြက်သား/၀တ်သား (နှစ်သက်ရာ) ၁၀ သား
ငါးဖယ်ဆုပ် ၁၀လုံး
ကြက်သဲ ကြက်မြစ် ၁စုံ
ငုံဥ ၁၀လုံး
ဂျစ်ခပ်ထူထူ ၁၀လွာ
ခရမ်းချည်းသီး ၃လုံး
ငရုပ်သီးစိမ်းအရှည် ၄တောင့်
သံပရာသီး ၁လုံး
ချက်နည်းလေးကတော့ ... အသားများကို ပါးပါးလှီးပြီး ဆား၊ငံပြာရည်တို့ဖြင့် ပြုတ်ထားပါ၊ ကြက်သားအသဲ အမြစ်ကို နှစ်သက်ရာပုံစံများ လှီးထားပါ၊ အသားပြုတ်ရေ ပွတ်ပွတ်ဆူလာလျှင် ကြက်အသဲအမြစ် နှင့်ငါးဖယ်လုံးများထည့်ပါ၊ အရိုးပြုတ်ရည် ထည့်ပြီး အရေကို ဆူပွတ်လာသည်အထိ တည်ပါ။ ခရမ်းချဉ်သီးကို လေးစိပ် စိပ်ထားပါ။ ငရုပ်သီးကို နှစ်ခြမ်း အရှည်လိုက်လှီးထားပါ၊ ထည့်မည့်ပန်းကန်တွင် သံပရာသီးကို အရည်ညှစ်ထားပါ။ ဟင်အိုး ပွက်ပွက်ဆူလျှင် လှီးထားသော ခရမ်ချဉ်သီးနှင့် ငရုပ်သီးစပ်းများခပ်ပြီး အချဉ်ညှစ်ထားသော ပန်းကန်တွင် ထည့်ပြီး ပြင်ပေးပါ၊ အပေါ့အငန် အချဉ်မြီး ပြီး သုံးဆောင်နိုင်ပါသည်။
....
စားလို့ တော်တော် စားလို့ ကောင်းမှာပဲနော် ... ပြောရင်တောင် ဗိုက်ဆာလာပြီး ..

0 comments:
Post a Comment