BLOGGER TEMPLATES AND TWITTER BACKGROUNDS »

ပိုးစတားလေး ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏...

Monday, May 30

နှုတ်ခမ်းခြောက်ခြင်း

Cracked lips နှုတ်ခမ်းကွဲတာလို့လဲ ခေါ်တယ်။ ရေဓါတ် ခမ်းခြောက်ပြီး ကွဲနေတာပါ။ ရာသီဥတု အေးတဲ့ အချိန်မှာ ပိုဖြစ်တယ်။ နှုတ်ခမ်းကို စွပ်စိုနေအောင် ကာကွယ်မှု ပေးထားတဲ့ Oily film အလွှာပါးပါးလေးက ဖုံးပေးထားတယ်။ နှုတ်ခမ်းကို ခဏခဏ ကိုက်တတ်သူတွေမှာ အဲဒီအလွှာ ပျက်စီးသွားရတယ်။ နီရဲပြီး ရောင်နေနိုင်တယ်။ အပေါ်ယံ အဖတ်တွေက ကွာကျနေတတ်တယ်။ ဖြစ်တဲ့နေရာကို ထိခိုက်ရင် နာမယ်၊ သွေးထွက်မယ်။ Thyroid hormone လည်ပင်းကြီး ဟော်မုန်း မမှန်တာ၊ Vitamins B ဗီတာမင် ဘီ နည်းတာတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။


• Protect your lips သုံးရင် Oil-based lubricating cream ဒါမှမဟုတ် Petrolatum (Vaseline) ဒါမှမဟုတ် Beeswax ပျားဖယောင်း တွေပါတဲ့ Lip balm သုံးပါ။ SPF 15 နဲ့ အထက် ရှာဝယ်ပါ။ Medical grade (USP) lanolin လိမ်းရင် အပျောက်မြန်မယ်။ Nasal sebum ဆိုတာလဲ သုံးနိုင်တယ်။
• Lipstick နှုတ်ခမ်းဆိုးဆေးကို သုံးနိုင်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ ရွယ်တူ ယောက်ျားတွေလောက် နှုတ်ခမ်း-ကင်ဆာ အဖြစ်နည်းရတာ နှုတ်ခမ်းနီ တန်ခိုးလို့ ပြောရင် ငြင်းမရပါ။
• Avoid licking your lips နှုတ်ခမ်း မကိုက်ပါနဲ့။ သွားရည်က ခဏနဲ့ အငွေ့ပြန်ပြီး ခြောက်သွားတယ်။
• Stay hydrated ရေ-အရည် များများသောက်ပါ။
• Acidic ပါတဲ့ Orange juice လိမ်မော်ရည် သောက်တာ ရှောင်ရမယ်။ No Alcohol အရက် မသောက်ပါနဲ့။
• Avoid allergens ကိုယ်နဲ့ မတည့်တာမျိုး ရှောင်ပါ။
• Breathe through your nose နှာခေါင်းနဲ့ အသက်ရှူပါ။
• Try to keep the air in your home humid အခန်းထဲမှာ ရေငွေ့ဓါတ် ရှိနေပါစေ။
• Honey ပျားရည်လိမ်းတာလဲ သက်သာစေတယ်။
• Goose or Duck Fat ဘဲဆီ၊ ငန်းဆီ လိမ်းကြတယ်။
• No Hot, Spicy, Salty အစပ် နဲ့ အငန် စားတာ ရှောင်ပါ။ ကွဲနေတဲ့နှုတ်ခမ်းကို Pepper ငရုပ်သီး၊ Mustard မုံညင်း၊ Barbecue sauce (ဘာဘီကျူ-ဆော့စ်)၊ တွေထိရင် မခံနိုင်ဘူး။
• Stay Home အိမ်ထဲက အိမ်ပြင် မထွက်ချင်ပါနဲ့။
• Avoid excessive sun exposure နေရောင် ရှောင်ပါ။ နေရောင်ထဲမှာပါတဲ့ Ultraviolet rays ခရမ်းလွန်-ရောင်ခြည်ကို ကာကွယ်မဲ့ Melanin မရှိလို့ Skin cancer အရေပြား-ကင်ဆာ ဖြစ်စေနိုင်တယ်။

အားလုံးသော သူငယ်ချင်းများ အတွက်လို့အပ်မယ်ထင်သောကြောင့် ဝေမျှပေးလိုက်ခြင်းပါ။ 
အားလုံးကျန်မာကြပါစေ။

Ref; http://dts-medicaleducation.blogspot.co

0 comments: